Download Youtube Video File Downloader

Wednesday, September 3, 2008

ဘလော့ဂ်အသစ်နှင့် ကျေးဇူး

ဘလော့ဂ်အသစ်ကလေးတစ်ခု၊ ဘလော့ဂ် စာမျက်နှာလေးတစ်ခုကို အခက်အခဲများကြားမှ ဖန်တီးနိုင်ခဲ့ ပါပြီ....။ ဘလော့ဂ်နည်းပညာများကို မယဉ်ပါးမှု၊ စာတွေ့ လက်တွေ့ ကွဲပြား
နေမှုတို့ ကြောင့် ရွာလည်နေခဲ့ တာ တော်တော် ကြာနေပါပြီ.........
ကိုကောင်းကင်ကိုမှတစ်ဆင့် ကိုစေတန်ဂေါ့ ၊ ထိုမှလွန်သော် မမြင်ဘူး မတွေ့ ဘူးဘဲ
ခင်မင်ရင်းနှီးစွာဖြင့် မေးလ်မှတစ်ဆင့် အစစအရာရာကို ရှင်းလင်းသင်ပြပေးသော......
ဘလော့ဂ်ရွာတွင် ရွာလည်နေသော ကျနော့်အား လမ်းပြပေးသော........
ရွာတော်ရှင်၊နယ်တော်ရှင်ကြီး ကိုရန်အောင်အား အထူးပင်ကျေးဇူးတင်ပါသည်...။
ကျနော့်ရင်မှာ ဆူးတွေ ပြည့်နေသော်လည်း မည်သူ့ ကို မစူးစေချင်ပါ။
စူးလည်းမစူးစေရပါ......
ဒါပေမယ့် ရင်မှာဆန္ဒတစ်စုံတော့ ရှိပါသည်၊ တစ်ခြားမဟုတ်.....
ခင်မင်ရသော ၊မခင်မင်ရသေးသော ဘလော့ဂ် ညီအကို မောင်နှမတို့ အား
ကျနော်ရဲ့ ဆူးခြုံလေးကိုတော့ ဖြတ်သွားဖြတ်လာ လုပ်စေချင်ပါသည်.....
တာဝန်ယူပါမည် ...။
မည်သူ့ ကိုမျှ ဆူး” မစူးစေရပါ.........။

No comments: